Friday, October 10, 2014

Android ဖုန်း​တွေဘာလို့ခနခနhangတာလဲ

ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲဆိုတာ အကြောင်းအရင်းများစွာ ရှိပါတယ်။ CPU နိမ့်နေ တာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ဆုံး အခြေအနေကတော့ ဖုန်းမှာပါတဲ့ Built-in Memory လို့ခေါ်တဲ့ Memory ပမာဏနည်းတဲ့ ဖုန်းတွေက ပို Hang တတ်ပါတယ်။ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ? Built-in Memory နည်းတဲ့ဖုန်းတွေက CPU နည်းပါ တယ်။

Built-in Memoryက နည်းနေတဲ့အတွက် External Memory ထပ်ထည့်ရပါ တယ်။ External Memory 8GB, Built-in Memoryက 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ Hangနေတယ်။ ဘာကြောင့်လဲဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Application တွေများနေတယ်။ Built-in Memory ရှိသလောက်ကို Applicationတွေ သွင်းထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက External Memory 8GBကို 7GBလောက် Dataတွေ ထည့်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို အခြေ အနေမျိုးမှာ ဖုန်းက OSကိုလဲ Runနေရတယ်။ တစ်ခြား Application တွေကိုလဲ Run နေရတဲ့ အတွက် သူလုပ်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွား တဲ့အခါ တစ်ခါတလေ Hangတတ်ပါတယ်။Built-in Memory နည်းတဲ့ ဖုန်းတွေကို အဲ့လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ?ရှင်းပါတယ်၊ သူလုပ်နိုင်သလောက် တာဝန်ကိုပဲ လုပ်ခိုင်းပါ။ CPU နည်းတဲ့အတွက် သူရဲ့အလုပ် လုပ်နိုင်စွမ်း လည်း နည်းပါတယ်။ ဖုန်းတစ်လုံးက Built-in Memory 125 MB, CPU 800 MHz ရှိတယ် ဆိုပါစို့။ အဲ့ဒီ Memoryက Android Os ရဲ့ Data ပမာဏကို နုတ်ပြီး လက်ကျန် Memory ဖြစ်ပါတယ်။ နဂိုထဲက Memory နည်းနေတဲ့အတွက် Application အများကြီး သွင်းလို့ မရပါဘူး။ ဖုန်းထုတ်တဲ့ လူတွေက ဒါကို တွက်ချက် ပေးပြီးသားပါ။

Applicationတွေကို အစကတည်းက လိုအပ်သလောက် ထည့်ပေးပြီးသားပါ။ User လက်ထဲရောက်မှာသာ စိတ်ကြိုက် Application ထည့်လို့ရအောင် Memory ချန်ပေးထားတာပါ။ Built-in Memoryပေါ်မှာ Android Osကလဲ အလုပ်လုပ်နေတယ်၊ Application တွေကလဲ အလုပ် လုပ်နေပါတယ်။ Built-in Memory နည်းတဲ့ ဖုန်းတွေကို External Memory တတ်နိုင်သမျှ အများဆုံး ထည့်ပါ။ Applicationတွေ လိုအပ်သလောက်ပဲ ထည့်ပါ။ ဂိမ်းကို အချိန် ကြာမြင့်အောင် မဆော့ပါနဲ့။ Recentတွေကို ဖျက်ပေးပါ။ Call Logတွေ အများကြီး သိမ်းမထားပါနဲ့ ဖျက်လိုက်ပါ။

တစ်ပတ် တစ်ခါလောက် ဖုန်းကို Restart လုပ်ပေးပါ။ ဖုန်းဖွင့်ထားဖို့ မလိုအပ်တဲ့ အချိန်တွေမှာ ဖုန်းကို ခဏ ပိတ်ထားပါ။ ဖုန်းဆိုတာ ကွန်ပျူတာထက် အလုပ် ပိုလုပ်ပါတယ်။ ကွန်ပျုတာက အလုပ်လုပ်ပြီးရင် ပိတ်တဲ့အချိန်တွေ ရှိပါတယ်။ ဖုန်းကို Power ပိတ်တဲ့အချိန်က နည်းပါတယ်။ ဒါကြောင့် တစ်ခါတလေ အနားပေးသင့်ပါတယ်။ စက်ပစ္စည်းဆိုတာ လူတွေနဲ့ အတူညီဆုံး ပုံစံတွေယူပြီး တီထွင်ထားတာပါ။ သူတို့လဲ လူတွေလို အနားပေးသင့်ပါတယ်။ လုပ်နိုင်စွမ်းထက် ပိုလာရင် ဘယ်အရာပဲဖြစ်ဖြစ် ပျက်စီးလွယ် ပါတယ်။ဒီလိုနည်းလမ်းတွေနဲ့ ဖုန်း မကြာခဏ Hang နေတယ်ဆိုတဲ့ Error ကို အတတ်နိုင် ဆုံး ဖြေရှင်း လို့ရ ပါတယ်။

Friday, October 3, 2014

အင်​တာနက်​လိုင်းဖွင့်​ရင်

G, H+, E, 3G နဲ့ LTE

အင်တာနက်သုံးတဲ့အခါ
ဖုန်းရဲ့ ထောင့်တစ်နေရာမှာ
H+ လေးပေါ်လိုက် .. 3G ဖြစ်သွားလိုက်နဲ
H+ ဆိုတာ မသိခင် .. အရင်သုံးနေကြ H ဆိုတာ ဘာလဲ သိရပါမယ်။
H - HSDPA (High Speed Downlink Packet Access) (Year-2006)
H+ ထက်ပိုနှေးပါတယ်။ ပျမ်းမျှ 7.2 Mb/s
HD video တွေ တိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နူန်းဖြစ်ပါတယ်

H+ - HSDPA Plus (Year-2011)
H ထက် ပိုမြန်တာ အသေအချာပါပဲ ။
အင်တာနက် မြန်နူန်း 21 Mb/s ထိရပါတယ်။
ကြည်လင်ပြတ်သားတဲ့ HD video တွေ တိုက်ရိုက်လွယ်လွယ်ကူကူကြည့်ရှုနိုင်ပါပြီ။ broadband connection တွေနဲ့တောင်တူတယ်

3G - 3rd Generation / UMTS ( Year- 2003)

ရုပ်ရောအသံပါ (video calling) အင်တာနက်မြန်နူန်းတစ်ခုဖြစ်ပါတယ်။
စစပိုင်း 384kb/s သာရရှိနိုင်ခဲ့ပြီး ..အခုချိန် ဒေါင်းလုပ်မြန်နူန်းကို 2Mb/s ထိ ရရှိနိုင်ပြီဖြစ်ပါတယ်။
20ရာစုအစပိုင်း မိုဘိုင်းလ်ဖုန်းတွေ အရှိန်အဟုန်မြင့်တိုးတက်လာချိန်မှာ ရရှိတဲ့ အင်တာနက်မြန်နူန်းဖြစ်လို့ 3rd Generation လို့ခေါ်တာပါတဲ့။

E - EDGE (Enhanced Data Rates for GSM Evolution) ( Year- 2006)

အင်တာနက်မြန်နူန်းက 384Kb/s ။
EDGE ကို 2.75G လို့ ယူဆလို့ရပါတယ်။
3G မပြည့်ဘူးပေါ့ ။
2G ကနေ 3G ဖြစ်လာဖို့
carriers ကို အဆင့်မြင့်လိုက်ခြင်းပါ။
E ဆိုတာ 3G နည်းပညာပေါ်လာပြီးမှသာ ဖြစ်လာခြင်းဖြစ်ပါတယ် ။

G - GPRS (General Packet Radio Service)( Year- 2000)

GPRS ဆိုတာ GSM တွေထက် အနည်းငယ်မြန်တဲ့ မြန်နူန်းတစ်ခုပါ။
2.5G လို့လည်း ယူဆနိုင်ပါတယ်။
2G ကနေ ပြောင်းလဲလာခြင်းဖြစ်ပြီး
webpage တစ်ခုသာ
မြန်နူန်းကတော့ 115kb/s ရပါတယ်။
GPRS ကနေသာ 3G -> EDGE -> H -> H+ -> LTE အဆင့်ဆင့် ပြောင်းလဲတိုးတတ်သွားခြင်းပါ။

LTE - Long Term Evolution (4G*) ( Year- 2013)

မြန်နူန်းအမြင့်ဆုံးကတော့ LTE ပါ။
မြန်နူန်း 100Mb/s အထိ ရပါတယ်တဲ့ ။
broadband connection လောက်တော့ သနားပါတယ်တဲ့ ။
Full HD Videos များကို ကြည့်ရူခြင်းကို လုပ်ဆောင်နိုင်ပါတယ်။
LTE ဆိုတာ 4G နဲ့မတူပါဘူး ။
LTE ကိုသာ 4G လို့ မှတ်ယူတတ်ကြပါတယ်။
4G အစစ်အမှန်ဆိုရင် LTE ထက် မြန်ပါသေးတယ်။
မန်နူန်း 1Gb/s ထိရနိုင်ပြီး LTE ထက် ဆယ်ဆ သာပါတယ်တဲ့။
   ကျွန်​​တော်​သိသ​လောက်​​ပြောပြတာပါ...

Service သမားတစ်​​ယောက်​အ​နေနဲ့ဒါ​တွေသိပီးပီလား....



Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူးအဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထားရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊

တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android ကမည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ Systemတစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊

Bootloader ဆိုတာဘာလဲBootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Codeအစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကိုစတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က InternalMemory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာတည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Pointပါပဲ၊Bootloader ဘယ်လိုအလုပ်လုပ်တာလဲPower စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ BootStrap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ 
Bootloaderအလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.cဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး LinuxKernel image ကို Memory ကနေ ၀င်တင်မယ်၊Botloader ရွေးချယ်မှူBootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံးစတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့အလွန်အရေးကြီးလှပါတယ်၊ 
Android OS က Open Source ဖြစ်တဲ့ အတွက်ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊

Androidဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကိုသူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကိုLocked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် CustomROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊Kernel ဆိုတာဘာလဲKernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲIOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High LevelOperation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြောမှာကAndroid အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊
Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် LinuxOperation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ AndroidKernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versionsအသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေအလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက်သုံးတဲ့ drivers တွေက Ice Cream Sandwichkernel အတွက် အလုပ်လုပ်မှာမဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardwareကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲတကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Softwareတို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊

Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကိုညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းကလုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screenအလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကိုချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardwareကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာKernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernelကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardwareကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုကSoftware က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်Hardware ကိုပြန်ပေးပါတယ်၊အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကိုခိုင်းစေရမှာဖြစ်ပါတယ်၊ 
Kernel က ကြားခံ ပေးထားတဲ့အတွက် ApplicationDevelopers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကိုResquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာDevelop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Developလုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Developလုပ်ပေးစရာလို့ပါတယ်၊CWM ဆိုတာဘာလဲCWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်းနဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recoverလုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့်Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root accessရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROMထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊

Android အခြေခံ အဆင့် ကိုနားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲတွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်းmemory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေBoot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင်ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလိုအချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recoveryလိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊

 အခြား Application Updateလုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကိုဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cacheများဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာစိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သောအလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ AndroidROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Androiddevices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်၊Firmware နဲ့ ပက်သက်သမျှFirmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Softwareprogram ကိုဆိုလိုပါတယ်၊ Window computerတွေမှာသုံးတဲ့ window7 installလုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို AndroidVersion တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊တစ်ခုတော့ရှိတယ်၊

 ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memoryကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Updateလုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmwareရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာFirmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ ReadOnly Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROMထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flashmeonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊Flashing ဆိုတာဘာလဲFlashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmwareထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Dataတွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMsအစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited၀င်ဆောင်မှူကို ရရှိနိုင်ပါတယ်၊

Rooting ဆိုတာဘာလဲAndroid System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကိုလိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root accessလုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Accessရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကိုစိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူးကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (HyperText Transfer Protocol) DHCP (Dynamic Host Configuration Protocol)(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲအသုံးပြုနိုင်ပါပီ၊ 
Android System ရဲ့ လုပ်ဆောင်မူတွေထဲကရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrarycommands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သောအချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Rootလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Softwarerestrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ပစ္စည်းကိုအသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Androidဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလိုအကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root accessရဖို့ကြိုးစားကြပါတယ်၊
Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေကကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက်မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကိုကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလိုပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲStock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM ကဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ SoftwareRestriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Versionတစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Deviceတစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊System Applications တွေပါမယ်၊Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROMဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ၊ ဒီတော့ Customဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက်Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ 
အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက်ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလိုစိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊ADB ဆိုတာဘာလဲADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊

 သူ နာမည်အတိုင်းပါပဲသူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့တံတားတစ်စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Clientကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကိုအလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADBရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊Baseband ဆိုတာဘာလဲBaseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်းVersion နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊
Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODINတို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာတတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့)Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊

Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functionsတွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာတွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကိုပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲရှော့ချပေးနိုင်ပါတယ်၊ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsetsတွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊။။

တယ်​လီ​နော်​တဲ့

နိုင်ငံတကာသို့ ၃၀ ကျပ်ဖြင့် SMS ပေးပို့နိုင်

 
Telenor ၏ မိုဘိုင်းဖုန်းလိုင်းများသည် တစ်ကမ္ဘာလုံးရှိ မိုဘိုင်းဖုန်းလိုင်းများဆီသို့ SMS (စာတိုစနစ်) ပေး ပို့နိုင်ကြောင်း၊ ထိုကဲ့သို့ SMS ပေးပို့ရာတွင် ဈေးနှုန်းအနေဖြင့် ၃၀ ကျပ် သတ်မှတ်ထားကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်လိုက်သည်။

လက်ရှိအချိန်၌ Telenor သည် ၎င်း၏ မိုဘိုင်းဖုန်းလိုင်းများအတွင်း နိုင်ငံ ၅ နိုင်ငံဆီသို့ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန် Roaming ကွန်ရက်ကို ဖွင့်လှစ်ပေးထားပြီး နိုင်ငံတကာသို့ မိုဘိုင်းဖုန်း ခေါ်ဆိုမှု အဖြစ် နိုင်ငံပေါင်း ၂၃၄ နိုင်ငံဆီသို့ ခေါ်ဆိုမှုပြုလုပ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သော Telenor ဆင်းမ်ကတ်များသည် နိုင်ငံပေါင်း ၂၄၃ နိုင်ငံဆီသို့ အထွက်ခေါ်ဆိုမှု ပြုလုပ်လိုပါက နိုင်ငံအပေါ် မူတည်၍ တစ်မိနစ်လျှင် အနည်းဆုံး ၂၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ကျသင့်မည်ဟု Telenor က သတင်း ထုတ်ပြန်ထားသည်။ နိုင်ငံပေါင်း ၂၃၄ နိုင်ငံအနက် ခေါ်ဆိုမှုပြုလုပ်ရန် ခက်ခဲသည့် အက်စတိုး နီးယားနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်မိနစ်လျှင် ၈,၀၀၀ ကျပ် သတ်မှတ်ထားပြီး ခေါ်ဆိုမှုပြုလုပ်ရန် လွယ်ကူသည့် ကနေဒါနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်မိလျှင် ၁၀၀ ကျပ်သာ ကျသင့်မည်ဟုလည်း သိရသည်။

Telenor သည် မန္တလေးမြို့၌ ဆင်းမ်ကတ်များကို စတင်ရောင်းချခဲ့ပြီဖြစ်ပြီး ပြည်တွင်း SMS စနစ်အတွက် တစ်စောင်လျှင် ၁၅ ကျပ် သတ်မှတ်ထားသည်။ အသံခေါ်ဆိုမှုအတွက် မည်သည့်အော်ပရေတာ ကိုမဆို ခေါ်ဆိုသည့်အခါ တစ်မိနစ်လျှင် ၂၅ ကျပ် ကျသင့်သည်ဟု သိရသည်။Telenor ၏ ပြိုင်ဘက်အော်ပရေ တာ တစ်ခုဖြစ်သည့် Ooredoo သည် မိုဘိုင်းဖုန်းခေါ်ဆိုမှုကို ၎င်း၏ အော်ပရေတာတူ ဖုန်းလိုင်း အချင်းချင်း ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး အခြားသော အော်ပရေတာ၏ မိုဘိုင်းဖုန်းလိုင်းကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။

Ooredoo ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းအချက်အလက်အရ ၎င်းတို့ မိုဘိုင်းဖုန်းလိုင်း များသည် လက်ရှိအချိန်၌ ပြည်ပနိုင်ငံများနှင့် Roaming ကွန်ရက်ရရှိရန် ကြိုးစားနေကြောင်း၊ Roaming ကွန်ရက်ကို ရရှိပါက ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 

Thursday, September 11, 2014

I Phone သုံးသူများသိထားသင့်​တဲ့အချတ်​များ

(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း

စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။

(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း

Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။

(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း

“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။

(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း

“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။

(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း

Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။

(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း

ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။

(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း

ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။

(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း

တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။

(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း

ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။

(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း

Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။

(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း

အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။

(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း

Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။

(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း

စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။

(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း

Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။

(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း

ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။

(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း

Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။

(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း

Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။

(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း

Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။

(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း

Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။

(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း

Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။

(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း

ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။